All blog

Latest Update 24/09/2022
International Size Chart တွေကို ကြည့်ပြီး သင့်ရဲ့ ဖိနပ်ဆိုဒ်အမှန်ကို ဘယ်လိုရှာကြမလဲ?

International Size Chart တွေကို ကြည့်ပြီး သင့်ရဲ့ ဖိနပ်ဆိုဒ်အမှန်ကို ဘယ်လိုရှာကြမလဲ?

  •  October 29, 2020

အခုလို Stay at home ကာလမှာဈေး ဝယ်ဖို့ဆိုရင်တော့ အွန်လိုင်းကဈေးဝယ်ခြင်းဟာ အဓိက နေရာကပါဝင်လာပါတယ်။ တစ်ကယ်လို့ သင့်အနေနဲ့ အွန်လိုင်းကနေ ဖိနပ်တစ်ရံဝယ် ယူတော့မယ်ဆိုရင်သင့်အတွက် လုံးဝကိုက်ညီမှုရှိစေမယ့် ဖိနပ်ဆိုဒ်ကို ဘယ်လို ရွေးချယ်မလဲ။ သင့်အနေနဲ့ ရွေးချယ်ရ ခက်နေမယ်ဆိုရင် စိတ်မပူပါနဲ့ ကျွန်တော် တို့မှာ နည်းလမ်း ရှိပါတယ်။ International Brand တွေကိုဝယ်ယူတဲ့ အခါမှာ တစ်ခါတစ်ရံ ဖိနပ် ဆိုဒ်တွေက US၊ EU ဆိုပြီးလာတတ်ကြပါ တယ်။ ဒီလိုUS၊ EU စတဲ့မတူညီတဲ့ ဖိနပ်ဆိုဒ်တွေကိုတွေ့ရတဲ့  အချိန်မျိုးမှာ သင့်အနေ နဲ့ အွန်လိုင်းက ဝယ်ယူရာမှာ စိတ်ပူပင် စရာဖြစ်နိုင်ပါတယ်။ ဒီလို စိတ်ပူပန် နေရခြင်းက ကင်းဝေစေဖို့ အတွက် ကျွန်တော်တို့ မှာ နည်းလမ်းတွေ ရှိပါတယ်။ အဆင်သင့် ဖြစ်ပြီဆိုရင် စလိုက်ကြမယ်နော်။
 

မတူညီတဲ့ ဖိနပ်ဆိုဒ်တွေ ထဲမှာ သင့်ရဲ့ ဖိနပ်ဆိုဒ်ကိုဘယ်လိုရှာမလဲ

 

 

 

သင့်ရဲ့ ဖိနပ်ဆိုဒ်ကိုဘယ်လိုတိုင်းတာမလဲ 

ဆိုင်ကိုကိုယ်တိုင် သွားတိုင်း စရာမလိုပဲနဲ့ သင့်ရဲ့ ဖိနပ်ဆိုဒ်ကို သိရဖို့က အရမ်းလွယ်ကူပါတယ်။ A3 သို့မဟုတ် A4 ဆိုဒ် စက္ကူ တစ်ရွက်၊ စက္ကူ ရဲ့ဆိုဒ်ဟာ ခြေထောက်ထက်ကြီးနေဖို့တော့ လိုပါတယ်။ နောက်လိုအပ်တာကတော့ ခဲတံ သို့မဟုတ် ဘောပင် နဲ့ ပေတံ တို့ပဲဖြစ်ပါတယ်။ ပြီးရင်တော့အောက် ပါအချက်တွေကို လုပ်ဆောင်ပေးပါ။ 
1.    သင့်ရဲ့ ခြေဖဝါးကို စက္ကူ ဖြူတစ်ခုပေါ်မှာတင်လိုက်ပါ။
2.    ခြေမထိပ် အပေါ်မှာလိုင်းတစ်ခုနဲ့ ဖနောင့် ထိပ် အောက်နေရာမှာ       လိုင်းတစ်ခုဆွဲလိုက်ပါ။
3.    အပေါ်လိုင်းနဲ့ အောက်လိုင်းနှစ်ခုရဲ့ အကွာအဝေးကို စင်တီမီတာ ဖြင့် တိုင်းတာ ပြီးရင် တော့ JP  size chart ကိုကြည့်ပေးပါ။ တိုင်းလို့ ရတဲ့အလျားကတော့ သင်နဲ့ကိုက်ညီမယ့် ဖိနပ်ရဲ့ JP size ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဂျပန်တွေက ဖိနပ် ဆိုဒ်ကို စင်တီမီတာ နဲ့အသုံးပြုလို့ပဲဖြစ်ပါတယ်။ 

       

 

US,UK,EU နဲ့ JP ဆိုတာဘာတွေလဲ?


ဒါတွေဟာ CIA ရဲ့ အထူးလျှို့ ဝှက် ကုဒ်တွေမဟုတ်ပါဘူး။ နိုင်ငံတစ်ခုချင်းစီ ရဲ့ဖိနပ် အတိုင်းအတာတွေပဲ ဖြစ်ပါတယ်။ အဒါဆိုရင် ဒီ ကုဒ်တွေ အကြောင်းကြည့်ရအောင်နော်။
-    US သို့မဟုတ် အမေရိကန်ဖိနပ်ဆိုဒ် -  ဒီ US ဆိုဒ်ကတော့ အမေရိကန် နဲ့ ကနေဒါတို့မှာ အသုံးပြုကြပါတယ်။ ပုံမှန်အား ဖြင့်တော့ US ဆိုဒ်က UK ဆိုဒ်ထက် အနည်းငယ်ကြီးပါတယ်။ US ဆိုဒ်ဟာ UK ဆိုဒ်ကနေပြောင်းလဲလာတာဖြစ်ပါတယ်။ US ဆိုဒ်ကအသေးဆုံး (3 11/12 )သုံးခွဲကနေစပြီးတော့ UK ဆိုဒ်ကတော့ (4 ) လေးကနေ စပါတယ်။ အဒါကြောင့်အနည်းငယ် ဂရုစိုက်ဖို့တော့လိုပါတယ်။ 
-    UK သို့မဟုတ် အင်္ဂလန် ဖိနပ်ဆိုဒ် - ဒီ UK ဆိုဒ်ကတော့ အင်္ဂလိပ်လူမျိုး တွေ တီထွင်ခဲ့တဲ့ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး ဖိနပ် အတိုင်းအတာ စနစ်တစ်ခုဖြစ်ပြီး တော့ အင်္ဂလန် နိုင်ငံမှာပဲအသုံးပြုတာများ ကြပါတယ်။
-    EU သို့မဟုတ် Paris point or (Continental)- ဒီ EU ဆိုဒ်ဆိုတာကတော့ ကမ္ဘာ့ ဖက်ရှင်မြို့တော်လို့ တင်စားရတဲ့
 ပြင်သစ်နိုင်ငံ ပဲရစ်မှာ စတင်ခဲ့ဲဲပြီးတော့ ဥရောပ တိုက်မှာ အသုံးများတဲ့ ဖိနပ်အတိုင်းအတာ စနစ်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာအသုံးအများဆုံး ဖိနပ်အတိုင်းအတာ စနစ်တစ်ခုလည်းဖြစ်ပါတယ်။ 
-    JP သို့မဟုတ် ဂျပန် ဖိနပ်ဆိုဒ် - JP ဆိုတာကတော့ ဂျပန်နိုင်ငံ မှာအသုံးများတဲ့ ဖိနပ်အတိုင်းအတာ စနစ် တစ်ခု ဖြစ်ပြီးတော့ သင့်ရဲ့ဖိနပ် ဆိုဒ်ကို အလွယ်တကူ တိုင်းတာရရှိနိုင်ပါတယ်။
 

 

 

 

သင့်ရဲ့ဖိနပ် ဆိုဒ်ကို ဘယ်လိုရှာရမလဲ


1.    Brand ဧ။် မူရင်း ထုတ်လုပ်သည့် နိုင်ငံကို ကြည့်ပါ။
2.    ဖိနပ် အောက်ဘက် ဆိုးပြား သို့မဟုတ် အတွင်းဘက်ကိုကြည့်ပါ။
3.    ဖိနပ်ဗူးပေါ်တွင် ကြည့်ပါ။

 

အဒီတော့ ကျွန်တော်တို့ အနေနဲ့ ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်တဲ့ ဖိနပ်ဆိုဒ်ကို ဘယ်လိုဝယ်ယူကြမလဲ?
အဖြေကတော့ ပထမဆုံးအနေနဲ့ ဝယ်ယူမယ် ဖိနပ် brand ရဲ့ ထုတ်လုပ်တဲ့နိုင်ငံကို အရင်သိဖို့လိုပါတယ်။ ထုတ်တဲ့ နိုင်ငံပေါ်လိုက်ပြီး ထုတ်လုပ်သူ တွေ အနေနဲ့ သူတို့ brand အတွက် အသင့်တော်ဆုံးဖြစ်တဲ့ ဖိနပ်ဆိုဒ် အတိုင်းအတာ စနစ်ကို အသုံးပြု ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် များသောအား ဖြင့် International Brand တွေဟာ သူတို့ ဖိနပ်ဆိုဒ်ကို ဖိနပ် အတွင်းပိုင်းနဲ့ ဖိနပ်အောက်ဖက်တို့မှာဖော်ပြကြပါတယ်။ ဂရုစိုက်ရမှာတစ်ခုက ယောကျ်ားလေး ဆိုဒ်နဲ့ မိန်းကလေး ဆိုဒ်က မတူညီကြပါဘူး။ ဒါပေမယ့် JP ဆိုဒ်မှာတော့ တိုင်းတာတဲ့ပုံစံ ကအတူတူပဲဖြစ်ပါတယ်။ 

 

အကြံပြုချက်များ

 

 

သင့်အနေနဲ့ Online Shop က နေ ဖိနပ် ဝယ်ဖို့မဆုံးဖြတ် သေးခင် အပေါ်မှာ ဖော်ပြခဲ့တဲ့အချက် တွေကို သိဖို့အရေးကြီး ပါတယ်။ ဒါမှသာ online shop က ဝယ်ယူပြီးချိန်မှာ ဖိနပ်ဝတ်ရတာ အဆင်မပြေဘူးဆိုပြီး စိတ်ညစ်ရတာတွေမကြုံရတော့မှာ ဖြစ်ပါတယ်။

-  ဖိနပ်ဆိုဒ်ကို တိုင်းတာတဲ့ အခါမှာ ညနေ နဲ့ ညပိုင်းမှာတိုင်းတာ ခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သင့် ရဲ့ခြေထောက်ဆိုဒ်ဟာ အဒီအချိန်တွေမှာ အကြီးဆုံးဖြစ်နေတတ်လို့ပဲဖြစ်ပါတယ်။
-  တကယ်လို့ သင့်ရဲ့ခြေဖဝါးက နဲနဲကားပြီး အပြားကြီးတယ်ဆိုရင် သို့မဟုတ် ခြေအိတ် ထူထူဝတ်ချင်တယ်ဆိုရင် တော့ EU နဲ့ JPဆိုဒ်မှာ(+1)ဆိုဒ်တစ်ခုပိုကြီးတာယူပါ။USနဲ့UKဆိုဒ်မှာဆိုရင်တော့ဆိုဒ်(+1½)တစ်ခုခွဲပိုကြီးတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ 
 

ကျွန်တော်တို့ဖော်ပြခဲ့တဲ့ အချက်တွေကို သင်သိသွားပြီဆိုရင်တော့ အွန်လိုင်းကနေ ဖိနပ် ဝယ်ယူတဲ့အခါမှာ ယုံကြည့်ချက်ရှိရှိနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အခုသင့်ရဲ့ ဖိနပ်ဆိုဒ်ကို သိသွားပြီဆိုတော့ အခုပဲ အွန်လိုင်းကနေ ဝယ်ယူလိုက်ပါနော်။